ချဲလ်ဆီးဟာ တော့တင်ဟမ်ဟော့စပါးကို ကြာသပတေးနေ့ညက စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး လန်ဒန်ပြိုင်ဘက်တွေရဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။
ထရီဗို ချာလိုဘက်က ပထမပိုင်း ၂၄ မိနစ်မှာ ကော်နာ ဂယ်လေဂါရဲ့ အလွတ်တည်ကန်ဘောကနေ ကန်တင်လိုက်တဲ့ ဘောလုံးကို အားပါပြင်းထန်တဲ့ ခေါင်းတိုက်ချက်နဲ့ ခေါင်းခုန်တိုက်ပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီး နောက်ခံကစားသမား ကူကူရယ်လာက ဂိုးသွင်းဖို့အတွက် စတင်ချိန်မှာ ဘရန်နန် ဂျွန်ဆင်ကို ပိတ်ဆို့ထားပုံပေါ်တာကြောင့် VAR နဲ့ အချိန်အတော်ကြာ ပြန်လည်စစ်ဆေးခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ချဲလ်ဆီးတို့သွင်းဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးဟာ အခွင့်အရေး များများစားစား မဖန်တီးနိုင်ခဲ့ဘဲ ခရစ်ရှန် ရိုမဲရိုးက ပထမပိုင်း ပင်နယ်တီဧရိယာထဲမှာ အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့်လည်း ဘေးကို ဝိုက်ထွက်သွားခဲ့တဲ့တစ်ကြိမ်လောက်သာ အကောင်းဆုံးအခွင့်အရေးရခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီးက ၇၁ မိနစ်မှာ ပင်နယ်တီဧရိယာအစွန်ကနေ ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကနေ ကိုး ပါလ်မာရဲ့ ကန်သွင်းမှုက ဂိုးဘားတန်းထိမှန်ပြီး ပြန်လျှံထွက်လာတာကို နီကိုးလတ်စ် ဂျက်ခ်ဆင်က ဂိုးပေါက်အလွတ်ထဲ ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ အဆင့် ၈ နေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး အဆင့် ၇ နေရာက နယူးကာဆယ်နဲ့ ၂ မှတ်သာ ကွာဟတော့တာကြောင့် ဥရောပဝင်ခွင့်တစ်နေရာ ရနိုင်ခြေ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ နိုဝင်ဘာလနောက်ပိုင်းကတည်းက အိမ်ကွင်းရှုံးပွဲတစ်ပွဲသာ ရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဒီလိုအချိန်အတွင်းမှာ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ စပါးနဲ့ပွဲမှာ အရည်အသွေးတွေ အများအပြား ပြသနိုင်ခဲ့ပြီး စီနီယာကစားသမား ၁၄ ဦးအထိ မပါဝင်နိုင်ခဲ့ပေမယ့်လည်း နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဂျော့ရှ် အချဉ်ပေါင်က ချဲလ်ဆီးအတွက် အောင်မြင်တဲ့ပိတ်ဆို့မှု ၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဘယ်လိုကစားသမားမျိုးထက်မဆို ပိုမိုများပြားခဲ့တာဖြစ်ပြီး ၁၂ မိနစ်သာ ပါဝင်ကစားပေးခဲ့ရတာ ဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခ်ဲလ္ဆီးဟာ ေတာ့တင္ဟမ္ေဟာ့စပါးကို ၾကာသပေတးေန႔ညက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး လန္ဒန္ၿပိဳင္ဘက္ေတြရဲ႕ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ ျဖစ္ခဲ့ပါတယ္။
ထရီဗို ခ်ာလိုဘက္က ပထမပိုင္း ၂၄ မိနစ္မွာ ေကာ္နာ ဂယ္ေလဂါရဲ႕ အလြတ္တည္ကန္ေဘာကေန ကန္တင္လိုက္တဲ့ ေဘာလုံးကို အားပါျပင္းထန္တဲ့ ေခါင္းတိုက္ခ်က္နဲ႔ ေခါင္းခုန္တိုက္ၿပီး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ခ်ဲလ္ဆီး ေနာက္ခံကစားသမား ကူကူရယ္လာက ဂိုးသြင္းဖို႔အတြက္ စတင္ခ်ိန္မွာ ဘရန္နန္ ဂြၽန္ဆင္ကို ပိတ္ဆို႔ထားပုံေပၚတာေၾကာင့္ VAR နဲ႔ အခ်ိန္အေတာ္ၾကာ ျပန္လည္စစ္ေဆးခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ခ်ဲလ္ဆီးတို႔သြင္းဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။
ေတာ့တင္ဟမ္ေဟာ့စပါးဟာ အခြင့္အေရး မ်ားမ်ားစားစား မဖန္တီးႏိုင္ခဲ့ဘဲ ခရစ္ရွန္ ႐ိုမဲ႐ိုးက ပထမပိုင္း ပင္နယ္တီဧရိယာထဲမွာ အပိုင္ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္လည္း ေဘးကို ဝိုက္ထြက္သြားခဲ့တဲ့တစ္ႀကိမ္ေလာက္သာ အေကာင္းဆုံးအခြင့္အေရးရခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ခ်ဲလ္ဆီးက ၇၁ မိနစ္မွာ ပင္နယ္တီဧရိယာအစြန္ကေန ရရွိခဲ့တဲ့ အလြတ္တည္ကန္ေဘာကေန ကိုး ပါလ္မာရဲ႕ ကန္သြင္းမႈက ဂိုးဘားတန္းထိမွန္ၿပီး ျပန္လွ်ံထြက္လာတာကို နီကိုးလတ္စ္ ဂ်က္ခ္ဆင္က ဂိုးေပါက္အလြတ္ထဲ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ဒီႏိုင္ပြဲေၾကာင့္ ခ်ဲလ္ဆီးဟာ အဆင့္ ၈ ေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး အဆင့္ ၇ ေနရာက နယူးကာဆယ္နဲ႔ ၂ မွတ္သာ ကြာဟေတာ့တာေၾကာင့္ ဥေရာပဝင္ခြင့္တစ္ေနရာ ရႏိုင္ေျခ ရွိလာခဲ့ၿပီျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ႏိုဝင္ဘာလေနာက္ပိုင္းကတည္းက အိမ္ကြင္းရႈံးပြဲတစ္ပြဲသာ ရွိခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက ဒီလိုအခ်ိန္အတြင္းမွာ ၆ ပြဲအထိ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ စပါးနဲ႔ပြဲမွာ အရည္အေသြးေတြ အမ်ားအျပား ျပသႏိုင္ခဲ့ၿပီး စီနီယာကစားသမား ၁၄ ဦးအထိ မပါဝင္ႏိုင္ခဲ့ေပမယ့္လည္း ႏိုင္ပြဲရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ေဂ်ာ့ရွ္ အခ်ဥ္ေပါင္က ခ်ဲလ္ဆီးအတြက္ ေအာင္ျမင္တဲ့ပိတ္ဆို႔မႈ ၄ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ၿပီး ဘယ္လိုကစားသမားမ်ိဳးထက္မဆို ပိုမိုမ်ားျပားခဲ့တာျဖစ္ၿပီး ၁၂ မိနစ္သာ ပါဝင္ကစားေပးခဲ့ရတာ ျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post ဆင်နင်းခံထားရလို့ ကြေမွနေတဲ့ စပါးတွေကို နာလန်မထူနိုင်အောင် လုပ်လိုက်တဲ့ ခြင်္သေ့ပြာများ first appeared on Sports A2Z.
Your new digest 50
Post a Comment