The world gold price set a new record and became the leader of the Myanmar gold market

ဒီနေ့ နှောင်းပိုင်းမှာ စတင်မယ့် အမေရိကန်ဗဟိုဘဏ် အကြီးအကဲရဲ့ မိန့်ခွန်းပြောကြားချက် ထွက်မလာခင် ကမ္ဘာ့ရွှေဈေးဟာ သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်မှာ ရောက်ရှိနေပါတယ်။

မနေ့က တစ်အောင်စကို ၂၁၄၁ ဒေါ်လာနဲ့ အမြင့်ဆုံးစံချိန်သစ် တင်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ အခု မတ်လ ၆ ရက်နေ့မှာ ၂၁၃၂ ဒေါ်လာဝန်းကျင် ရှိနေပြီး အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၂၁၃၅ ဒေါ်လာနဲ့ ဝ.၃ % မြင့်နေပါတယ်။

မကြာသေးခင်က အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအခြေအနေပြ ကိန်းဂဏန်းတွေ အားပျော့ခဲ့တဲ့နောက် အမေရိကန်ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း လျှော့ချမှုကို မုချ လုပ်ရလိမ့်မယ်ဆိုတဲ့ ထင်မြင်ချက်တွေ ခိုင်မာလာပြီး ရွှေကို အဝယ်လှည့်လာသူတွေ များသထက် များလာခဲ့ပါတယ်။

ဒါပေမဲ့ ရေတိုအတွင်းမှာ ရွှေဈေး ခပ်မြန်မြန် ခုန်တက်လာတဲ့အတွက် မကြာခင်အတွင်း ခဏတာ ပြန်ကျတာမျိုး ဖြစ်လာနိုင်တယ်လု့ိ ရွှေဈေးကွက်သုတေသီတွေက ခန့်မှန်းကြပါတယ်။ (Current Content ရဲ့သတင်း)

ကမ္ဘာ့ရွှေဈေး စံချိန်သစ်နဲ့ မြင့်မားလာချိန်မှာ မြန်မာပြည်တွင်း ရွှေဈေးကလည်း ထိပ်စီးဂဏန်း စ ပြောင်းလာပြီး ဒီနေ့ (မတ်လ ၆) ရက်မှာ တစ်ကျပ်သားကို ကျပ် သိန်း ၄၀ ကျော်အထိ ရောက်ရှိလာပါတယ်။

ပြင်ပရွှေဈေးကွက် အရောင်းအဝယ်တွေ စတင်ချိန် နေ့လယ်ပိုင်းမှာ ကျပ် ၃၉၉၈,၀၀၀ နဲ့ စတင်ခဲ့ပြီး နေ့ခင်းပိုင်း ရောင်းဝယ်ရာမှာတော့ ကျပ် ၄၀၀၃,၀၀၀ အထိ စံချိန်တင် မြင့်လာတယ်လို့ သိရပါတယ်။

ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ကျပ် ၃၈ သိန်းနဲ့ ၃၉ သိန်းကြား အတက်အကျ များခဲ့ပြီးမှ အခု မတ်လ ပထမပတ်မှာ ကျပ် သိန်း ၄၀ ကို ထိပ်စီးပြောင်း ရောက်ရှိလာတာ ဖြစ်ပါတယ်။

The post The world gold price set a new record and became the leader of the Myanmar gold market appeared first on .



Your new digest 49

Post a Comment

Previous Post Next Post