ယူကရိန်းအသင်းဟာ အီတလီနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ် ၉၃ မိနစ်မှာ ပြစ်ဒဏ်ကျူးလွန်ခံရမှုကို VAR က အရေးယူဖို့ ငြင်းဆန်ခဲ့တာကြောင့် အငြင်းပွားဖွယ် ပင်နယ်တီပေးဖို့ ငြင်းဆန်ခြင်းခံခဲ့ရပါတယ်။
အင်္ဂလန်ဟာ အုပ်စု စီမှာ ရမှတ် ၂၀ နဲ့ အုပ်စုဗိုလ်အဖြစ် ယူရိုဝင်ခွင့်အောင်မြင်ခဲ့ပြီး အီတလီက အုပ်စု ဒုတိယနေရာနဲ့ ၂၀၂၄ ယူရိုဝင်ခွင့်ကို ရရှိခဲ့တာဖြစ်ပေမယ့်လည်း အီတလီကတော့ လက်ရှိ ယူရိုချန်ပီယံတွေနဲ့ ရမှတ်တူ အဆင့် ၃ နေရာမှာသာ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
အီတလီကတော့ ယူကရိန်းနဲ့ ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းတွေကြောင့် လာမယ့် နွေရာသီ ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့် ရရှိသွားခဲ့ပြီဖြစ်ပေမယ့်လည်း ယူကရိန်းကတော့ တနင်္လာနေ့ညမှာ အီတလီကို အနိုင်ရခဲ့ရင် ယူရိုဝင်ခွင့်တိုက်ရိုက်ရခဲ့မှာဖြစ်ပြီး ပွဲပြီးဆုံးခါနီး အငြင်းပွားဖွယ် ပင်နယ်တီပေးဖို့ ငြင်းဆန်ခံခဲ့ရပြီးနောက် ပလေးအော့ဖ်ကစားရတော့မှာ ဖြစ်ပါတယ်။
ယူကရိန်းတောင်ပံကြယ်ပွင့် မိုင်ခေလို မာဒရစ်ခ်ကို အီတလီနောက်ခံလူ ဘရိုင်ယန် ခရစ္စတန်တီ ပင်နယ်တီ ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပုံပေါ်တာကြောင့် VAR က ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ယူကရိန်းကို ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ကို ကွင်းထဲမှာ တိုက်ရိုက်ကြည့်ရှုနေတဲ့ ပရိသတ်တွေရော ရုပ်မြင်သံကြားကနေ ကြည့်ရှုနေတဲ့ ပရိသတ်တွေပါ မယုံနိုင်ဖြစ်ခဲ့ကြပြီး VAR ရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ယူကရိန်းအသင်းဟာ အီတလီနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ် ၉၃ မိနစ်မှာ ပြစ်ဒဏ်ကျူးလွန်ခံရမှုကို VAR က အရေးယူဖို့ ငြင်းဆန်ခဲ့တာကြောင့် အငြင်းပွားဖွယ် ပင်နယ်တီပေးဖို့ ငြင်းဆန်ခြင်းခံခဲ့ရပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.
The post ယူကရိန်းကို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နဲ့ ယူရိုတိုက်ရိုက်ဝင်ခွင့် ငြင်းပယ်ခဲ့တဲ့ VAR first appeared on Sports A2Z.
Your new digest 50
Post a Comment