နောက်ဆုံးကခုန်မှုမှာ ထိပ်တိုက်တွေ့ဆုံကြဦးမယ့် GOAT ကြီး နှစ်ပါး

လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ဟာ ဖေဖော်ဝါရီလ ဆော်ဒီအာရေဗျမှာ ကစားမယ့် ခြေစမ်းပွဲစဉ်မှာ အင်တာမိုင်ယာမီနဲ့ အယ်လ်နာဆာတို့ တွေ့ဆုံတဲ့အချိန်ကျရင် နောက်ထပ်တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံသွားကြမှာဖြစ်ပါတယ်။

ခေတ်သစ်ဘောလုံးလောကရဲ့ဂန္တဝင်နှစ်ဦးဟာ စပိန်မှာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့အတွက် ကစားပေးခဲ့တဲ့အချိန်အတွင်း မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပြီး နောက်ဆုံးကခုန်မှုလို့ ပြောဆိုနေကြတဲ့ လာမယ့်နှစ်ပွဲစဉ်မှာ နောက်ဆုံးအကြိမ် တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီကို စွန့်ခွာပြီး မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီကို ၂ နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒီခြေစမ်းပွဲစဉ်ကို ကင်းဖာဟက်ဒ်ကွင်းမှာ ကျင်းပသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အင်တာမိုင်ယာမီနဲ့ အယ်လ်နာဆာတို့ဟာ သမိုင်းဝင် ဟဲဗီးဝိတ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ကြမယ့် တိုင်ဆန် ဖျူရီ၊ အိုလက်ဆန်းဒါး အူးဆိတ်တို့ ထိုးသတ်မယ့်ပွဲစဉ် ကျင်းပမယ့် လထဲမှာပဲ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ဟာ ေဖေဖာ္ဝါရီလ ေဆာ္ဒီအာေရဗ်မွာ ကစားမယ့္ ေျခစမ္းပြဲစဥ္မွာ အင္တာမိုင္ယာမီနဲ႔ အယ္လ္နာဆာတို႔ ေတြ႕ဆုံတဲ့အခ်ိန္က်ရင္ ေနာက္ထပ္တစ္ႀကိမ္ ထိပ္တိုက္ေတြ႕ဆုံသြားၾကမွာျဖစ္ပါတယ္။

ေခတ္သစ္ေဘာလုံးေလာကရဲ႕ဂႏၲဝင္ႏွစ္ဦးဟာ စပိန္မွာ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္တို႔အတြက္ ကစားေပးခဲ့တဲ့အခ်ိန္အတြင္း မေရမတြက္ႏိုင္တဲ့ တိုက္ပြဲေတြ ဆင္ႏႊဲခဲ့ၾကၿပီး ေနာက္ဆုံးကခုန္မႈလို႔ ေျပာဆိုေနၾကတဲ့ လာမယ့္ႏွစ္ပြဲစဥ္မွာ ေနာက္ဆုံးအႀကိမ္ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီကို စြန႔္ခြာၿပီး ေမဂ်ာလိဂ္ကလပ္ အင္တာ မိုင္ယာမီကို ၂ ႏွစ္ခြဲစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။ အသက္ ၃၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုကလည္း ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ အယ္လ္နာဆာကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ဒီေျခစမ္းပြဲစဥ္ကို ကင္းဖာဟက္ဒ္ကြင္းမွာ က်င္းပသြားဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

အင္တာမိုင္ယာမီနဲ႔ အယ္လ္နာဆာတို႔ဟာ သမိုင္းဝင္ ဟဲဗီးဝိတ္ခ်န္ပီယံဆုအတြက္ တိုက္ပြဲဝင္ၾကမယ့္ တိုင္ဆန္ ဖ်ဴရီ၊ အိုလက္ဆန္းဒါး အူးဆိတ္တို႔ ထိုးသတ္မယ့္ပြဲစဥ္ က်င္းပမယ့္ လထဲမွာပဲ ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post နောက်ဆုံးကခုန်မှုမှာ ထိပ်တိုက်တွေ့ဆုံကြဦးမယ့် GOAT ကြီး နှစ်ပါး first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post