ထိုင်းနိုင်ငံမှာသီချင်းသီဆိုဖျော်ဖြေရေးလုပ်ဖို့ပြင်ဆင်ပြီးခါမှ ထင်မှတ်မထားတဲ့အရေးပေါ်ကိစ္စတစ်ခုဖြစ်ပေါ်ခဲ့လို့ ပျက်သွားခဲ့ရကြောင်းပြောပြလာတဲ့ အဆိုတော်ပိုပို

ထိုင်းနိုင်ငံမှာသီချင်းသီဆိုဖျော်ဖြေရေးလုပ်ဖို့ပြင်ဆင်ပြီးခါမှ ထင်မှတ်မထားတဲ့အရေးပေါ်ကိစ္စတစ်ခုဖြစ်ပေါ်ခဲ့လို့ ပျက်သွားခဲ့ရကြောင်းပြောပြလာတဲ့ အဆိုတော်ပိုပို

ပရိသတ်ကြီးရေ… အဆိုတော် ပိုပို ကတော့ ဂီတအနုပညာလောကမှာ ကိုယ်တိုင်ရေးကိုယ်တိုင်သီဆိုခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာကို ချစ်မြတ်နိုးပြီး ပရိသတ်တွေ ကို လေးစားမှုအပြည့်ရှိတဲ့ ပိုပိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တော့ ထိုင်းနိုင်ငံ မဟာချိုင်မှာ သီချင်းဆိုဖို့ ပျက်ကွက်ခဲ့ မှုအပေါ်ထိုင်းနိုင်ငံရောက် မြန်မာပရိသတ်တွေနဲ့တကွ အားလုံးကို ဖြေရှင်းတောင်းပန်လာခဲ့ပါတယ်။

ပိုပိုက “မဟာချိုင်ပွဲအတွက် ဖြေရှင်းချက်လေးပါ။ ပိုပို လဲ အရမ်းစိတ်မကောင်းဖြစ်ခဲ့တာပါ။ ထိုင်းဘုရင်ရဲ့ စစ်တပ်ရော မြင်းတပ်တွေရောလာရောက်စစ်ဆေးတာ ပါ။ သီချင်းသာဆိုလိုက်ရင် ဖမ်းပြီး အမှုရင်ဆိုင်ပြီး ထိုင်း နိုင်ငံ အဝင် blacklist လုပ်ခံရမှာပါ … ပွဲစီစဉ်သူကလဲ ထိုင်းရဲ မဟာချိုင်က ဒုမြို့နယ်မှူးပါ သူWOrk permit လုပ်ပေးမယ်ဆိုပြီး ပိုတို့ စောစောရောက်လာတာပါ။ သူ့ နဲ့ အဆင်မပြေတဲ့ ထိုင်းအာဏာပိုင်တွေက ဝိုင်းတိုင်လို့ ဘယ်လို့ဖြစ်ဖြစ် အလေးအနက် အရာရာအတွက် ပရိတ်သတ်တွေကိုလဲ စိတ်မကောင်းစွာနဲ့ပဲ တောင်းပန် ပါရစေ။ Ticket တွေကိုလဲ ရောင်းပေးတဲ့ သူဆီကနေ ပိုက်ဆံ ပြန်တောင်းလို့ရပါတယ်လို့ အရမ်း အရမ်း အားနာမိ ပြီး ဖြစ်နိုင်ရင် မျက်နှာလေး ပြပြီး ပြန်ချင်တာ တောင် စင်ပေါ်တက်ရင် ဖမ်းမှာမို့ စင်နောက်မှာ စောင့် ရင်း နောက်ဆုံး အဆင်ပြေတော့လို့ ပြန်သွားရတာပါ ” လို့ဆိုပြီး ဗီဒီယိုလေးနဲ့တကွ လေးလေးနက်နက်ဖြေရှင်းတောင်းပန်လာခဲ့ပါတယ်။

ပိုပိုတို့ရဲ့ ဖျော်ဖြေပွဲဟာ ပွဲစီစဉ်သူရဲ့ လစ်ဟာမှုကြောင့် ထိုင်းစစ်တပ်နဲ့ ရဲတွေရဲ့ စစ်ဆေးခြင်းခံခဲ့ရပြီး အကယ် လို ခွင့်ပြုချက်မရှိပဲ သီချင်းတက်ဆိုခဲ့မယ်ဆိုရင် ဖမ်းဆီး ခံရနိုင်ပြီး နောက်ဆုံး ပြည်ဝင်ခွင့်ကိုပိတ်ခံရတဲ့ အထိဖြစ်နိုင်တယ်လို ့ဆိုပါတယ် ပိုပိုကတော့သူမကိုအားပေးဖို့ လာခဲ့တဲ့ ပရိသတ်တွေအပေါ်ပျက်ကွက်ခဲ့မှု အတွက် အွန်လိုင်းကနေ သီချင်းသီဆိုပြီး ဖျော်ဖြေပေးဖို့ ရှိတယ်လို့လည်း ဆိုလာပါတယ်။

Credit;





Credit;

The post ထိုင်းနိုင်ငံမှာသီချင်းသီဆိုဖျော်ဖြေရေးလုပ်ဖို့ပြင်ဆင်ပြီးခါမှ ထင်မှတ်မထားတဲ့အရေးပေါ်ကိစ္စတစ်ခုဖြစ်ပေါ်ခဲ့လို့ ပျက်သွားခဲ့ရကြောင်းပြောပြလာတဲ့ အဆိုတော်ပိုပို appeared first on Realsamachars News.


Your new digest 50

Post a Comment

Previous Post Next Post