အာကာသယာဉ်မှူးဖြစ်အောင် ကြိုးပမ်းနေတဲ့ Miss England အလှမယ်

သိပ္ပံ၊ သင်္ချာ၊ နည်းပညာနဲ့ အင်ဂျင်နီယာဘာသာရပ်တွေမှာ အမျိုးသမီး ပညာရှင်တွေ ပိုမိုထွက်ပေါ်လာစေဖို့ ရည်မှန်းထားတဲ့ Miss England အလှမယ် ဂျက်ဆီကာဂါဂျန်ဟာ လေကြောင်းအင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး အာကာသယာဉ်မှူး ဖြစ်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ အသက် ၂၇ နှစ်ရှိတဲ့ ဂျက်ဆီကာဂါဂျန်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အင်္ဂလန်အလှမယ်ပြိုင်ပွဲမှာ သရဖူဆောင်းခဲ့သူပါ။

ဂျက်ဆီကာဂါဂျန်ဟာ နဂိုက အလှမယ်ပြိုင်ပွဲ ဝင်ပြိုင်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဒါပေမဲ့ လီဗာပူးတက္ကသိုလ်ရဲ့ လေကြောင်းအင်ဂျင်နီယာတန်းခွဲမှာ ကျောင်းသူ အလွန်နည်းပါးတာ (အမျိုးသမီး ၁၀ ရာခိုင်နှုန်းပဲ တက်ရောက်)ကို သတိထားမိပြီး သူ့ရဲ့ရည်မှန်းချက် လူသိများ ထင်ရှားလာစေဖို့ အလှမယ်ပြိုင်ပွဲ ဝင်ပြိုင်ခဲ့တာပါ။

ဂျက်ဆီကာဂါဂျန်ဟာ လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ့် ၇၁ ကြိမ်မြောက် မယ်ကမ္ဘာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပညာရေးဘက်မှာလည်း မာစတာဘွဲ့ယူနိုင်အောင် ကြိုးစားနေပါတယ်။

Ref: Miss England Inspires Girls to Be Rocket Scientists After Graduating With Aerospace Engineering Degree

NZ ( ရိုးရာလေး)

The post အာကာသယာဉ်မှူးဖြစ်အောင် ကြိုးပမ်းနေတဲ့ Miss England အလှမယ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post