ဆွမ်းတော်ဗျို့ ဗီဒီယိုလေးရဲ့အောက်မှာရိုင်းပြစွာပြောဆိုနေတဲ့လူတစ်ချို့ကြောင့် သမီးလေးစိတ်ဒဏ်ရာရမှာစိုးလို့ ဖျက်လိုက်ပါပြီဆိုတဲ့ လူရွှင်တော်ချစ်စု
ဆွမ်းတော်ဗျို့ ဗီဒီယိုလေးရဲ့အောက်မှာရိုင်းပြစွာပြောဆိုနေတဲ့လူတစ်ချို့ကြောင့် သမီးလေးစိတ်ဒဏ်ရာရမှာစိုးလို့ ဖျက်လိုက်ပါပြီဆိုတဲ့ လူရွှင်တော်ချစ်စု
ပရိသတ်ကြီးရေ… ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးပေါ်လေးရဲ့ သားဖြစ်သူ ချစ်စုကတော့ ဖခင်ရဲ့အနုပညာအမွေတွေကို လက်ဆင့်ကမ်းရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဟာသ သရုပ်ဆောင် လူရွှင်တော်အဖြစ် နေရာတစ်နေရာရရှိခဲ့ တဲ့ ချစ်စုဟာ အခုဆိုရင် သူ့ရဲ့ကိုယ်ပိုင် မီဒီယာ ပလက်ဖောင်းတစ်ခုကို ဖန်တီးပြီး ဗီဒီယိုအတိုလေးတွေ ကို တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ချစ်စုက သူ့ကြောင့် စိတ်အနှောက် အယှက်မဖြစ်ရအောင် အဆိုပါ Live ဗီဒီယိုကို ဖျက် ပေးလိုက်ပြီဖြစ်ကြောင်း “ကဲ Post ဖြတ်ပေးလိုက်ပါပြီ ကိုယ်လည်းဘာမှမလုပ်ရပဲ တချို့တွေက ဆဲတာတွေက အရမ်းလွန် အရမ်းများတယ် သမီးလေးပါနေလို့ ကလေး စိတ်ထိခိုက်မှာစိုးလို့ ဖြတ်ပေးလိုက်ပါတယ် Massager၌လည်ကောင်း Phone ဆက်၍လည်ကောင်း ဆဲကြသောသူများကိုလည်း ကျေးဇူးတင်ပါတယ် လူ့ အခွင့်အရေးဟာ အနုပညာသမားတွေအတွက် မပါဘူး ထင်ပါရဲ့ ကျေးဇူးအထူးပါခင်ဗျာ ။ ဦးချစ်စု” ဆိုပြီး သူ့ရဲ့ ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။
လတ်တလောမှာ “ဆွမ်းတော်ဗျို့” ဆိုတဲ့ ဇာတ်လမ်းတို လေးကို ရိုက်ကူးနေတဲ့ ချစ်စုဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သူ့ သ ရဲ့သမီးလေးကို “ဆွမ်းတော်ဗျို့” ဇာတ်ဝင်တေးသီချင်း လေး သင်ကြားပေးနေတဲ့အခိုက်အတံ့ကို Live လွှင့်ခဲ့ပါ တယ်။ အဆိုပါ Live ဟာ ဖေ့စ်ဘုတ်မှာ တော်တော် လေးပျံ့နှံ့သွားခဲ့ပြီး ဖေ့စ်ဘုတ်အသုံးပြုသူတိုင်းရဲ့ Wall မှာ သူ့အလိုလိုပေါ်နေတာကြောင့် ပရိသတ်တွေက ချစ်စု ကို စနောက်သလို တချို့ကလည်း စိတ်အနှောက် အယှက်ဖြစ်တယ်ဆိုပြီး ဆဲရေးတိုင်းထွာမှုတွေပြုလုပ် နေတာပဲဖြစ်ပါတယ်။
ချစ်စုကတော့ ကြည့်ရှုသူ (၁ဝ) သန်း အထိရှိနေပြီဖြစ် တဲ့ သူရဲ့ Live ဗီဒီယိုကို သမီးလေးမျက်နှာတစ်ခုတည်း ကြည့်ပြီး ဖျက်ပေးခဲ့တာပဲဖြစ်ပါတယ်။ အနုပညာသမား တစ်ယောက်ရဲ့ ဖန်တီးကြိုးစားမှုအပေါ်လှောင်ပြောင် ဆဲရေးတိုင်းထွာမှုတွေကြောင့် ချစ်စုအနေနဲ့ အခုလို စိတ် ဒဏ်ရာမျိုးရရှိတယ်ဆိုတာ တကယ့်ကို မဖြစ်သင့်တဲ့ ကိစ္စပါပဲနော်။
Credit;
Credit;
The post ဆွမ်းတော်ဗျို့ ဗီဒီယိုလေးရဲ့အောက်မှာရိုင်းပြစွာပြောဆိုနေတဲ့လူတစ်ချို့ကြောင့် သမီးလေးစိတ်ဒဏ်ရာရမှာစိုးလို့ ဖျက်လိုက်ပါပြီဆိုတဲ့ လူရွှင်တော်ချစ်စု appeared first on World info Post.
Your new digest 50
Post a Comment
Previous Post Next Post