အားလပ်ရက်မှာသမီးလေးကိုကစားကွင်းလိုက်ပို့ရင်း အရွယ်ရောက်လာတဲ့အမရာရဲ့ပုံရိပ်တွေကိုပြသလာတဲ့ အိမ့်ချစ်
ပရိသတ်ကြီးရေ… အဆိုတော် အိမ့် ချစ်ကတော့ ဖခင်ဖြစ်သူ ချစ်ကောင်းဆီကနေ အနုပညာ အမွေတွေကို လက်ဆင့်ကမ်းရရှိခဲ့ပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ဟာ ပြီး ခဲ့တဲ့နှစ်မှာ ရင်သွေးလေးကို မွေးဖွားခဲ့ပြီး မိခင်တစ် ယောက်အဖြစ် ရပ်တည်နေတာမို့ အနုပညာအလုပ်တွေ နဲ့ အလှမ်းဝေးသလို ဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ သမီးလေး အမရာနားမှာပဲ အချိန်ကုန် ဆုံးနေတဲ့ အိမ့်ချစ်က ဒီကနေ့မှာတော့ သူမတို့သားအမိ တွေကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် အမှတ်တရ ဓာတ်ပုံလေးတွေကို မျှဝေလာပါတယ်။ အိမ့်ချစ်က အားလပ်တဲ့အချိန်လေးမှာ သမီးလေးအမရာကို ကစားကွင်းလိုက်ပို့ပေးပြီး အချိန်ကုန်ဆုံးခဲ့ကြောင်း ” Amara’s Day Out” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။
အိမ်ချစ်ကတော့ သမီးလေး အမရာနားမှာနေရင်း မိခင် တစ်ယောက်ရဲ့တာဝန်တွေကို အပြည့်အဝထမ်းဆောင် နေတာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း အိမ့်ချစ်တို့ သားအမိတွေရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။
Credit;
Credit;
The post အားလပ်ရက်မှာသမီးလေးကိုကစားကွင်းလိုက်ပို့ရင်း အရွယ်ရောက်လာတဲ့အမရာရဲ့ပုံရိပ်တွေကိုပြသလာတဲ့ အိမ့်ချစ် appeared first on World info Post.
Your new digest 50
Post a Comment