မနကလအလ အပယထ အဓပပယက ဒလရငပပရစ..

မိန္းကေလးအလွ အိပ္ယာထ၏ အဓိပၸါယ္

မိန္းကေလး အလွ အိပ္ယာ ထ တဲ့။

ဒီ ဆို႐ိုးရဲ႕ အဓိပၸါယ္ကို မသိတဲ့သူေတြ ရွိေနၾကမယ္လို႔ ထင္ပါတယ္ ေရွးလူႀကီးေတြရဲ႕ အဆိုအရ မိန္းကေလး ရယ္လို႔ ျဖစ္လာခဲ့ၿပီ ဆိုရင္ေတာ့ျဖင့္

အ႐ြယ္ေရာက္ လာလို႔ အိပ္ယာႏိုးတဲ့ အခါမွာ ကိုယ္ လက္ သန႔္စင္မႈနဲ႔ အစျပဳ ရပါ တယ္ ။

ေနာက္ေတာ့မွ

မိမိ အိမ္မွာ ရွိတဲ့ ဘုရားအား ပန္း ေရခ်မ္း ၊ ဆီမီးပူေဇာ္ျခင္း ၊ ဘုရားဝတ္ျပဳျခင္း ၊ ရွိခိုး ထိုက္သူ ရွိခိုးပူေဇာ္ျခင္း စတဲ့ အလုံးစုံ ပူေဇာ္မႈေတြျဖင့္ ေန႔သစ္မွာ မဂၤလာ ယူရ ပါတယ္ ။

မိမိအိမ္ကို တံျမက္စည္း လွဲျခင္း ၊သန႔္ရွင္းမႈ အားလုံးတို႔ျဖင့္ မိမိအိမ္၏ ဂုဏ္က်က္သေရ ျပည့္စုံေအာင္ ျပဳလုပ္ရ ပါတယ္ ။

ပုဗၺာစရိယ မိႏွင့္ဖ ကလည္း မိမိ သမီးေလးမ်ားကို လက္ပြန္းတတီး သြန္သင္ ဆုံးမ ရပါတယ္ ။

ဒါမွလည္း မိမိတို႔ သမီး မိန္းကေလးဟာ အမွန္တကယ္ လွပတဲ့ မိန္းကေလး စစ္စစ္ ျဖစ္ႏိုင္ပါတယ္။

ဒါကို တစ္ခ်ိဳ႕က…တကယ္ လွတဲ့ မိန္ကေလးေတြက ၊အိပ္ယာ ထရင္ေတာင္ ၊ ကပိုကယို အလွေလးနဲ႔ လွေနတာလို႔ ထင္တတ္ၾက ပါတယ္ ဒါကေတာ့ လြဲမွားေနတာေပါ့။

တကယ္ေတာ့…မဟုတ္ ပါဘူး ။

ဟိုး…အရင္က ေရွးလူႀကီးေတြဟာ ကိုယ့္သားသမီးနဲ႔ လက္ထပ္မယ့္ မိန္းကေလး အိမ္ကို တစ္ရက္တန္သည္ ႏွစ္ရက္ တန္သည္ သြားအိပ္တတ္ၾက သတဲ့ ။

အမွန္က ေလ့လာေရး ခရီးေပါ့ေနာ္…

အထက္က ေျပာခဲ့သလိုအဲဒီ မိန္းကေလးက လုပ္ခဲ့ရင္ ဒါဟာ သူတို႔ သတ္ မွတ္ ထားတဲ့

” မိန္းကေလး အလွ အိပ္ယာ ထ ” ျမင္ေတြ႕ ရမွသာ…

သူတို႔ရဲ႕ အဖိုးတန္ ေခြၽးမ အျဖစ္ သတ္မွတ္ၾကပါတယ္ ။

ဒီေလာက္ဆိုရင္…

” မိန္းကေလးအလွ အိပ္ယာထ ” ဆိုတဲ့ စကားကို အားလုံး သေဘာေပါက္ၾက လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

 

မိန်းကလေးအလှ အိပ်ယာထ၏ အဓိပ္ပါယ်

မိန်းကလေး အလှ အိပ်ယာ ထ တဲ့။

ဒီ ဆိုရိုးရဲ့ အဓိပ္ပါယ်ကို မသိတဲ့သူတွေ ရှိနေကြမယ်လို့ ထင်ပါတယ် ရှေးလူကြီးတွေရဲ့ အဆိုအရ မိန်းကလေး ရယ်လို့ ဖြစ်လာခဲ့ပြီ ဆိုရင်တော့ဖြင့်

အရွယ်ရောက် လာလို့ အိပ်ယာနိုးတဲ့ အခါမှာ ကိုယ် လက် သန့်စင်မှုနဲ့ အစပြု ရပါ တယ် ။

နောက်တော့မှ

မိမိ အိမ်မှာ ရှိတဲ့ ဘုရားအား ပန်း ရေချမ်း ၊ ဆီမီးပူဇော်ခြင်း ၊ ဘုရားဝတ်ပြုခြင်း ၊ ရှိခိုး ထိုက်သူ ရှိခိုးပူဇော်ခြင်း စတဲ့ အလုံးစုံ ပူဇော်မှုတွေဖြင့် နေ့သစ်မှာ မင်္ဂလာ ယူရ ပါတယ် ။

မိမိအိမ်ကို တံမြက်စည်း လှဲခြင်း ၊သန့်ရှင်းမှု အားလုံးတို့ဖြင့် မိမိအိမ်၏ ဂုဏ်ကျက်သရေ ပြည့်စုံအောင် ပြုလုပ်ရ ပါတယ် ။

ပုဗ္ဗာစရိယ မိနှင့်ဖ ကလည်း မိမိ သမီးလေးများကို လက်ပွန်းတတီး သွန်သင် ဆုံးမ ရပါတယ် ။

ဒါမှလည်း မိမိတို့ သမီး မိန်းကလေးဟာ အမှန်တကယ် လှပတဲ့ မိန်းကလေး စစ်စစ် ဖြစ်နိုင်ပါတယ်။

ဒါကို တစ်ချို့က…တကယ် လှတဲ့ မိန်ကလေးတွေက ၊အိပ်ယာ ထရင်တောင် ၊ ကပိုကယို အလှလေးနဲ့ လှနေတာလို့ ထင်တတ်ကြ ပါတယ် ဒါကတော့ လွဲမှားနေတာပေါ့။

တကယ်တော့…မဟုတ် ပါဘူး ။

ဟိုး…အရင်က ရှေးလူကြီးတွေဟာ ကိုယ့်သားသမီးနဲ့ လက်ထပ်မယ့် မိန်းကလေး အိမ်ကို တစ်ရက်တန်သည် နှစ်ရက် တန်သည် သွားအိပ်တတ်ကြ သတဲ့ ။

အမှန်က လေ့လာရေး ခရီးပေါ့နော်…

အထက်က ပြောခဲ့သလိုအဲဒီ မိန်းကလေးက လုပ်ခဲ့ရင် ဒါဟာ သူတို့ သတ် မှတ် ထားတဲ့

” မိန်းကလေး အလှ အိပ်ယာ ထ ” မြင်တွေ့ ရမှသာ…

သူတို့ရဲ့ အဖိုးတန် ချွေးမ အဖြစ် သတ်မှတ်ကြပါတယ် ။

ဒီလောက်ဆိုရင်…

” မိန်းကလေးအလှ အိပ်ယာထ ” ဆိုတဲ့ စကားကို အားလုံး သဘောပေါက်ကြ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

The post မိန်းကလေးအလှ အိပ်ယာထ၏ အဓိပ္ပါယ်က ဒီလိုရှင်းပြပါရစေ.. appeared first on MM Daily Life.


Your new digest 50

Post a Comment

Previous Post Next Post