




Credit;

လူမင်းတို့ဇနီးမောင်နှံက ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ အကယ်ဒမီရွှေရင်ထိုးလေးကို အမှတ်တရလက်ဆောင်ပေးခဲ့တာကြောင့် ပျော်ရွှင်မဆုံးဖြစ်နေတဲ့ ဒေါ်မြတ်မွန်

ပရိသတ်ကြီးရေ..မင်းသားကြီး အကယ်ဒမီ လူမင်း ကတော့ အနုပညာနဲ့ ပတ်သက်လာ ရင် အားလုံးက လေးစား ရတဲ့ ဝါရင့်သမ္ဘာရင့် အနုပညာ ရှင်ကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ လူမင်းဟာ ပြီးခဲ့တဲ့ မေလ (၆) ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာတော့ ကံမကောင်းစွာနဲ့ပဲ ဆု အသီးသီးနဲ့ လွဲချော်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် လည်း ထင်ဆင့်အကယ်ဒမီဆုရှင်မင်းသားကြီးဖြစ်တာမို့ ပွဲတက်လာတဲ့အခါ ရွှေသားအစစ်နဲ့ပြုလုပ်ထားတဲ့ အကယ်ဒမီရင်ထိုးကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အကယ်ဒမီ လူမင်းနဲ့ ဇနီး ခင်စံပယ်ဦးတို့ ဟာ မင်းသမီးကြီး အဘွားဒေါ်မြတ်မွန်ကို သွားရောက် ကန်တော့ ခဲ့ကြောင်း သိရပါတယ်။ လူမင်းက သူ့အနေနဲ့ အကယ်ဒမီပွဲတက်လိုရရှိတဲ့ ရွှေသားအစစ်ရင်ထိုးနဲ့ ကြယ်ကို အဘွားဒေါ်မြတ်မွန်ထံ ပေးအပ်ပြီး ကန်တော့ ခဲ့တာပဲ ဖြစ်ပါတယ်။

အဘွားဒေါ်မြတ်မွန် ဟာလည်း “နိုဘီလူး” ရုပ်ရှင် ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ဆန်ကာတင် စာရင်းထဲပါခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ အကယ်ဒမီဆုကြီးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ အတွက် လူမင်းက သူရရှိခဲ့တဲ့ အကယ်ဒမီပွဲတက် ရင်ထိုးကို အဘွားဒေါ်မြတ်မွန်ထံ ကန်တော့ခဲ့တာပဲ ဖြစ် ပါတယ်။

Credit;

The post လူမင်းတို့ဇနီးမောင်နှံက ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ အကယ်ဒမီရွှေရင်ထိုးလေးကို အမှတ်တရလက်ဆောင်ပေးခဲ့တာကြောင့် ပျော်ရွှင်မဆုံးဖြစ်နေတဲ့ ဒေါ်မြတ်မွန် appeared first on World info Post.


Your new digest 50

Post a Comment

Previous Post Next Post