ဘာစီလိုနာဂန္တဝင် ဆာဂီယို ဘူးစ်ကတ်ဟာ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ နူးကမ့်ကို စွန့်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။

စပိန်ဝါရင့်ကွင်းလယ်ကစားသမားဟာ ဘာစီလိုနာ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်မှာပဲ ပထမအသင်းကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဘူးစ်ကတ်ဟာ ၂၀၀၈ ခုနှစ်တုန်းက ဂွါဒီယိုလာ လက်အောက်မှာ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ဘာစီလိုနာနဲ့ ၁၅ ရာသီအတွင်းမှာ ဆုဖလား အလုံး ၃၀ အထိ ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ နူးကမ့်မှာ ဆက်လက်ရှိနေချင်ပေမယ့်လည်း လစာ ၇၀ ရာခိုင်နှုန်း လျှော့ယူဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရတာ ဖြစ်ပြီး ဘူးစ်ကတ်ဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ လစာလျှော့ယူခဲ့တာကြောင့် အသင်းရဲ့ ဘဏ္ဍာရေးရုန်းကန်ရမှုကို သက်သာစေခဲ့တာ ဖြစ်ပါတယ်။

ဘူးစ်ကတ်ဟာ လီယွန်နယ် မက်ဆီ အသင်းကို ပြန်လည်ပြောင်းရွှေ့လာမယ်လို့ မျှော်လင့်နေခဲ့တာဖြစ်ပြီး အဲဒီလို ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း တိုးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ဒ

ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီက ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့ဖို့ အလားအလာ မြင့်တက်လာနေတာကြောင့် ဘူးစ်ကတ်ဟာ အသင်းဖော်ဟောင်းနဲ့ အရှေ့အလယ်ပိုင်းမှာ ပြန်လည်ဆုံစည်းဖို့ ကြိုးပမ်းသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘူးစ်ကတ်ဟာ ယခုအပတ်မှာ အက်စ်ပန်ညိုကို ဘာစီလိုနာအသင်းက အနိုင် ကစားနိုင်ခဲ့မယ်ဆိုရင် ၉ ကြိမ်မြောက် လာလီဂါဖလားကို ကိုင်မြှောက်နိုင်မှာဖြစ်ပြီး ရာသီကုန်မှာ နောက်ထပ် ပြောင်းရွှေ့မယ့်အသင်းကို အတည်ပြုသွားမယ်လို့ မျှော်မှန်းခြင်းခံနေရတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ဘာစီလိုနာဂႏၲဝင္ ဆာဂီယို ဘူးစ္ကတ္ဟာ ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးတာနဲ႔ ႏူးကမ့္ကို စြန႔္ခြာမွာျဖစ္တယ္လို႔ သိရပါတယ္။

စပိန္ဝါရင့္ကြင္းလယ္ကစားသမားဟာ ဘာစီလိုနာ အကယ္ဒမီကေန ထြက္ေပၚလာခဲ့သူျဖစ္ၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္မွာပဲ ပထမအသင္းကစားသမား ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။ ဘူးစ္ကတ္ဟာ ၂၀၀၈ ခုႏွစ္တုန္းက ဂြါဒီယိုလာ လက္ေအာက္မွာ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ဘာစီလိုနာနဲ႔ ၁၅ ရာသီအတြင္းမွာ ဆုဖလား အလုံး ၃၀ အထိ ကိုင္ေျမႇာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ႏူးကမ့္မွာ ဆက္လက္ရွိေနခ်င္ေပမယ့္လည္း လစာ ၇၀ ရာခိုင္ႏႈန္း ေလွ်ာ့ယူဖို႔ ကမ္းလွမ္းျခင္း ခံခဲ့ရတာ ျဖစ္ၿပီး ဘူးစ္ကတ္ဟာ ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ လစာေလွ်ာ့ယူခဲ့တာေၾကာင့္ အသင္းရဲ႕ ဘ႑ာေရး႐ုန္းကန္ရမႈကို သက္သာေစခဲ့တာ ျဖစ္ပါတယ္။

ဘူးစ္ကတ္ဟာ လီယြန္နယ္ မက္ဆီ အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕လာမယ္လို႔ ေမွ်ာ္လင့္ေနခဲ့တာျဖစ္ၿပီး အဲဒီလို ျဖစ္လာခဲ့မယ္ဆိုရင္ေတာ့ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္း တိုးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ဒ

ဒါေပမယ့္လည္း လီယြန္နယ္ မက္ဆီက ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕ဖို႔ အလားအလာ ျမင့္တက္လာေနတာေၾကာင့္ ဘူးစ္ကတ္ဟာ အသင္းေဖာ္ေဟာင္းနဲ႔ အေရွ႕အလယ္ပိုင္းမွာ ျပန္လည္ဆုံစည္းဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိေနတာျဖစ္ပါတယ္။

ဘူးစ္ကတ္ဟာ ယခုအပတ္မွာ အက္စ္ပန္ညိဳကို ဘာစီလိုနာအသင္းက အႏိုင္ ကစားႏိုင္ခဲ့မယ္ဆိုရင္ ၉ ႀကိမ္ေျမာက္ လာလီဂါဖလားကို ကိုင္ေျမႇာက္ႏိုင္မွာျဖစ္ၿပီး ရာသီကုန္မွာ ေနာက္ထပ္ ေျပာင္းေ႐ႊ႕မယ့္အသင္းကို အတည္ျပဳသြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံေနရတာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post လစာ ၇၀ ရာခိုင်နှုန်းလျှော့ပြီး ကမ်းလှမ်းခံရလို့ အသင်းကထွက်မယ့် ဘာဆာကြယ်ပွင့် first appeared on Sports A2Z.
Your new digest 50
Post a Comment