ထူးခြားတဲ့ပေါင်းစပ်မှုကြောင့် ကျော်ကြားနေတဲ့ ကာလဗလမယ်

ရုတ်တရက်ကြည့်လိုက်ရင် AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီပုံက ရုရှားနိုင်ငံဖွား ကာယဗလမယ် ဗလာဒီဆလာဗာဂလာဂန်ရဲ့ ဓာတ်ပုံအစစ်ပါ။ ချောမောပြီး မိန်းမဆန်တဲ့ ရုပ်ရည်ရူပကာကို ကြွက်သားအပြိုင်းပြိုင်းထနေတဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပေါင်းဖက်ထားတာကြောင့် ဂလာဂန်က လူမှုကွန်ရက်မှာ နာမည်ကျော်ကြားပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိတဲ့ ဂလာဂန်က ချက်နိုင်ငံ ပရပ်မြို့မှာ နေထိုင်သူပါ။ သူဟာ ထူးခြားတဲ့ ပုံပန်းသဏ္ဍာန်ကြောင့် ဓာတ်ပုံတွေကို ပြုပြင်ထားတယ်ဆိုတဲ့ စွပ်စွဲမှုမျိုး မကြာခဏ ကြုံရလေ့ရှိပါတယ်။ အခုလို ပုံပန်းသဏ္ဍာန် ထူးခြားတဲ့ ကာလဗလမယ်ဟာ ဂလာဂန်တစ်ဦးတည်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်ပိုင်းတုန်းကလည်း တောင်ကိုရီးယားကာယဗလမယ် ယွန်ဝူးဂျီက အခုလိုပုံစံမျိုးနဲ့ ကျော်ကြားခဲ့ပါသေးတယ်။

Ref: People Can’t Believe This Pretty Female Bodybuilder Is Real

NZ ( ရိုးရာလေး)

The post ထူးခြားတဲ့ပေါင်းစပ်မှုကြောင့် ကျော်ကြားနေတဲ့ ကာလဗလမယ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post