MrJazsohanisharma

ကလေးတွေရဲ့ ကျောင်းဆင်းပွဲ အမှတ်တရဗီဒီယိုလေးကို မျှဝေလာခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ကလေးများမေမေလို့ တင်စားရလောက်အောင်ကို ခိုးကိုးရာမဲ့ကလေးတွေအတွက် မိခင်ကောင်းတစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပါတယ်။ ကလေးတွေအပေါ်မှာ မေတ္တာအပြည့်အဝပေးပြီး မိခင်အရင်းတွေထက်တောင်ပိုအောင် လိုလေသေးမရှိထားထားပါသေးတယ်။

ကလေးတွေရဲ့ အနာဂတ်အတွက် အရွယ်ရောက်လာတဲ့ ကလေးတွေကို ကျောင်းတွေထားပေးပြီး ကျောင်းတက်ကာပညာတွေသင်ယူနေကြတဲ့ ကလေးတွေနဲ့ ချစ်စဖွယ် ဗီဒီယိုလေးကို မျှဝေဖော်ပြလေ့ရှိပါသေးတယ်။ ဒီနေ့မှာလည်း ခိုင်နှင်းဝေက ကလေးတွေရဲ့ကျောင်းဆင်းပွဲလေးကို မှတ်တမ်းတင်ထားခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေဖော်ပြလာခဲ့ပါတယ်။

“ကလေးတွေ ကျောင်းဆင်းပွဲလေးရှိလို့ ခရီးက အမှီပြန်လာခဲ့ပါတယ်…ပင်ပန်းပေမဲ့ ပီတိလေးတွေကြောင့် ပျော်နေမိပါတယ်ရှင်” ဆိုပြီးတော့လည်း ကလေးတွေကြောင့် ပီတိဖြစ်နေရကြောင်းလည်း ရေးသားထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ကလေးတွေရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေလိုက်ပါတယ်နော်။

Source – Khine Hnin Wai
Chilli – CeleZone
-Zawgyi Font ဖြင့်ဖတ်ရန်-





Source – Khine Hnin Wai
Chilli – CeleZone


Your new digest 50

Post a Comment

Previous Post Next Post