ပိုနေတဲ့ ခေါက်ဆွဲဖတ်တွေကို လွှင့်ပစ်စရာမလိုဘဲ စားကောင်းအောင် ပြုလုပ်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းများ..

ပိုနေတဲ့ ခေါက်ဆွဲဖတ်တွေကို လွှင့်ပစ်စရာမလိုဘဲ စားကောင်းအောင် ပြုလုပ်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းများ

အိမ်တွေမှာ အသုပ် လုပ်စားရင် ဖြစ်စေ၊ ခေါက်ဆွဲကြော် စားရင် ဖြစ်စေ ပိုနေတဲ့ ခေါက်ဆွဲဖတ်တွေိကို ရေခဲသေတ္တာထဲမှာ နှစ်ရှည်လများ ထည့်ထားပြီး လွှင့်ပစ်နေကြတဲ့ သူတွေအတွက် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်-

အိမ်ရှင်မ ကျမ ဟိုတလောက အသုပ်လုပ်စားရင်း ခေါက်ဆွဲဖတ်တွေ ကျန်နေလို့ နေပူလှန်းလိုက်တယ်။ ခြောက်သွားတော့ သိမ်းထားရင်း ဒီနေ့သတိရလို့ ဆီပူထိုးစားတာ တော်တော်စားကောင်းပါတယ်ရှင်။

ထမင်းခြောက် ထက် ပိုအရသာရှိတယ်။ မွမွလေးနဲ့ အရသာရှယ်ဘဲ နေပူလှန်းရင် ဘာမှမထည့်ရဘူး။ ကြော်ရင်လဲ ဘာမှမထည့်ရဘူးနော်။ ကြော်ပြီး ပန်းကန်ထဲရောက်မှ ဆားလေးဖြူးစား အဆာပြေအပျင်းပြေ လုပ်စားလို့ရအောင်လာပြောပြတာပါ။ သိပြီးသူများ ဆောရီးပါနော်ရှင့်၊ အလေအလွင့် မဖြစ်တော့ဘူးပေါ့ရှင်။ (Shinn Thant Mar Mar)

မှတ်ချက် (၁) – အဲ့လိုခေါက်ဆွဲကို ကြော်ပြီး ခရုဆီလို အရည်ပျစ်ပျစ် အသားနဲ့အရွက်ရောကြော်ပြီး လောင်းထည့်စားလို့ရတယ်။ ခေါက်ဆွဲ အကြွပ်ကြော်ဖြစ်တယ်။

မှတ်ချက် (၂) – မြင်းခြံမှာတော့ ပလာတာသုပ်၊‌ ခေါက်ဆွဲသုပ်၊ ကြက်သားဆန်ပြုတ်၊ ကြက်သားသုပ်၊ ဝက်သားသုပ်တို့ထဲ ထည့်စားတာ မုန့်ကြွတ်ခြောက်လို့ ခေါ်တယ်။

မှတ်ချက် (၃) – ငရုတ်အကြမ်းဖတ်ရယ်။ အချိုမှုန့်။ ဆား၊ သကြားနည်းနည်းနဲ့ ကြော်စား အားလူးကြော် အစပ်ထုပ်တွေလိုပဲ စားလို့ရှယ်ကောင်း။

မှတ်ချက် (၄) – ခေါက်ဆွဲကြွပ်ကြော်လေး လုပ်စားလိုက်လေ။ ပန်းပွင့်၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ် ကြိုက်နှစ်သက်ရာတွေ အစိမ်းကြော် ကြော်သလို ကော်ရည်ရွှဲရွှဲလေးနဲ့ကြော်၊ အသားပါ ထည့်လည်း ပုစွန်ဆို ပိုကောင်း။ အဲဒီအစိမ်းကြော်ကို ခေါက်ဆွဲကြွပ်ကြော်ထဲ လောင်းထည့်စား ကြည့်ပါလားရှင်။ လျှာလည်လည်ပဲလေနော့၊ ဆိုင်တွေမှာ ခေါက်ဆွဲကြွပ်ကြော် ဆိုင်တိုင်းတောင် မရပါဘူးရှင့်။

မှတ်ချက် (၅) – အသီးအရွက်နဲ့ အသားတွေကို ကော်ရည်ရွှဲရွှဲလေးနဲ့ ကြော်ပြီး ခေါက်ဆွဲခြောက်ကြော်ပေါ် လောင်းပြီး စားရင်လည်း အရမ်းကောင်းတယ်။ စင်ကာပူနဲ့ မလေးရှား စားသောက်ဆိုင်တွေမှာ အဲဒီလိုမျိုး ရောင်းကြတယ်။ ကြာဇံအကြွပ်ကြော်နဲ့လည်း ရတယ်။

မှတ်ချက် (၆) – ခေါက်ဆွဲကို အမဲသားဟင်းနဲ့ စားရင် အဲဒီလို ခေါက်ဆွဲကြော် ဖြူးစားတာ အရသာပိုရှိပါတယ်ရှင့်။ ကိုယ်တွေဆို ကျန်တာကို အခြောက်ခံတာ မဟုတ်ဘဲ ခေါက်ဆွဲစိုကို ခွေထည့်ကြော်စားတာပါ။ ကြာကြာတော့ ကြော်ရပါတယ်။

Credit to Blacker

ပိုေနတဲ့ ေခါက္ဆြဲဖတ္ေတြကို လႊင့္ပစ္စရာမလိုဘဲ စားေကာင္းေအာင္ ျပဳလုပ္ႏိုင္တဲ့ လွ်ိဳ႕ဝွက္နည္းလမ္းမ်ား

အိမ္ေတြမွာ အသုပ္ လုပ္စားရင္ ျဖစ္ေစ၊ ေခါက္ဆြဲေၾကာ္ စားရင္ ျဖစ္ေစ ပိုေနတဲ့ ေခါက္ဆြဲဖတ္ေတြိကို ေရခဲေသတၱာထဲမွာ ႏွစ္ရွည္လမ်ား ထည့္ထားၿပီး လႊင့္ပစ္ေနၾကတဲ့ သူေတြအတြက္ နည္းလမ္းေကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္-

အိမ္ရွင္မ က်မ ဟိုတေလာက အသုပ္လုပ္စားရင္း ေခါက္ဆြဲဖတ္ေတြ က်န္ေနလို႔ ေနပူလွန္းလိုက္တယ္။ ေျခာက္သြားေတာ့ သိမ္းထားရင္း ဒီေန႔သတိရလို႔ ဆီပူထိုးစားတာ ေတာ္ေတာ္စားေကာင္းပါတယ္ရွင္။

ထမင္းေျခာက္ ထက္ ပိုအရသာရွိတယ္။ မြမြေလးနဲ႔ အရသာရွယ္ဘဲ ေနပူလွန္းရင္ ဘာမွမထည့္ရဘူး။ ေၾကာ္ရင္လဲ ဘာမွမထည့္ရဘူးေနာ္။ ေၾကာ္ၿပီး ပန္းကန္ထဲေရာက္မွ ဆားေလးျဖဴးစား အဆာေျပအပ်င္းေျပ လုပ္စားလို႔ရေအာင္လာေျပာျပတာပါ။ သိၿပီးသူမ်ား ေဆာရီးပါေနာ္ရွင့္၊ အေလအလြင့္ မျဖစ္ေတာ့ဘူးေပါ့ရွင္။ (Shinn Thant Mar Mar)

 

မွတ္ခ်က္ (၁) – အဲ့လိုေခါက္ဆြဲကို ေၾကာ္ၿပီး ခ႐ုဆီလို အရည္ပ်စ္ပ်စ္ အသားနဲ႔အ႐ြက္ေရာေၾကာ္ၿပီး ေလာင္းထည့္စားလို႔ရတယ္။ ေခါက္ဆြဲ အႂကြပ္ေၾကာ္ျဖစ္တယ္။

မွတ္ခ်က္ (၂) – ျမင္းၿခံမွာေတာ့ ပလာတာသုပ္၊‌ ေခါက္ဆြဲသုပ္၊ ၾကက္သားဆန္ျပဳတ္၊ ၾကက္သားသုပ္၊ ဝက္သားသုပ္တို႔ထဲ ထည့္စားတာ မုန႔္ႂကြတ္ေျခာက္လို႔ ေခၚတယ္။

မွတ္ခ်က္ (၃) – င႐ုတ္အၾကမ္းဖတ္ရယ္။ အခ်ိဳမႈန္႔။ ဆား၊ သၾကားနည္းနည္းနဲ႔ ေၾကာ္စား အားလူးေၾကာ္ အစပ္ထုပ္ေတြလိုပဲ စားလို႔ရွယ္ေကာင္း။

မွတ္ခ်က္ (၄) – ေခါက္ဆြဲႂကြပ္ေၾကာ္ေလး လုပ္စားလိုက္ေလ။ ပန္းပြင့္၊ မုန္လာဥနီ၊ ေဂၚဖီထုပ္ ႀကိဳက္ႏွစ္သက္ရာေတြ အစိမ္းေၾကာ္ ေၾကာ္သလို ေကာ္ရည္႐ႊဲ႐ႊဲေလးနဲ႔ေၾကာ္၊ အသားပါ ထည့္လည္း ပုစြန္ဆို ပိုေကာင္း။ အဲဒီအစိမ္းေၾကာ္ကို ေခါက္ဆြဲႂကြပ္ေၾကာ္ထဲ ေလာင္းထည့္စား ၾကည့္ပါလားရွင္။ လွ်ာလည္လည္ပဲေလေနာ့၊ ဆိုင္ေတြမွာ ေခါက္ဆြဲႂကြပ္ေၾကာ္ ဆိုင္တိုင္းေတာင္ မရပါဘူးရွင့္။

မွတ္ခ်က္ (၅) – အသီးအ႐ြက္နဲ႔ အသားေတြကို ေကာ္ရည္႐ႊဲ႐ႊဲေလးနဲ႔ ေၾကာ္ၿပီး ေခါက္ဆြဲေျခာက္ေၾကာ္ေပၚ ေလာင္းၿပီး စားရင္လည္း အရမ္းေကာင္းတယ္။ စင္ကာပူနဲ႔ မေလးရွား စားေသာက္ဆိုင္ေတြမွာ အဲဒီလိုမ်ိဳး ေရာင္းၾကတယ္။ ၾကာဇံအႂကြပ္ေၾကာ္နဲ႔လည္း ရတယ္။

မွတ္ခ်က္ (၆) – ေခါက္ဆြဲကို အမဲသားဟင္းနဲ႔ စားရင္ အဲဒီလို ေခါက္ဆြဲေၾကာ္ ျဖဴးစားတာ အရသာပိုရွိပါတယ္ရွင့္။ ကိုယ္ေတြဆို က်န္တာကို အေျခာက္ခံတာ မဟုတ္ဘဲ ေခါက္ဆြဲစိုကို ေခြထည့္ေၾကာ္စားတာပါ။ ၾကာၾကာေတာ့ ေၾကာ္ရပါတယ္။

Credit to Blacker

The post ပိုနေတဲ့ ခေါက်ဆွဲဖတ်တွေကို လွှင့်ပစ်စရာမလိုဘဲ စားကောင်းအောင် ပြုလုပ်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းများ.. appeared first on Achawlaymyar.



Your new digest 49

Post a Comment

Previous Post Next Post