ပရိသတ်ကြီးရေသရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာနယ်ပယ်မှာ ဇာတ်ပို့အနေနဲ့သာနေရာရခဲ့ပေမယ့်
Live Sale ရောင်းချတဲ့နေရာမှာတော့ ကိုယ်လုပ်ရမယ့်အလုပ်အပေါ် တာဝန်ကျေပြီး အကောင်းဆုံးလုပ်ဆောင်နို
င်တာကြောင့် လုပ်ငန်းရှင်တွေကြားမှာ နာမည်ရလာခဲ့သူဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း နှိုင်းယှဉ်မြင့်မိုရ်ဟာ
နားရက်မရှိအလုပ်တွေလုပ်ကိုင်နေရပြီး သူမအနေနဲ့လည်း ပြည့်စုံတဲ့အနေအထားတစ်ခုကိုရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။
အဲ့ဒီအတွက် အလုပ်တွေကြိုးစားလွန်းတဲ့ သူမကိုယ်သူမ စိန်တွေ ရတနာတွေဝယ်ပြီး ဆုချခဲ့တယ်လို့
နှိုင်းယှဉ်မြင့်မိုရ်က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာခဲ့ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်က သိန်း (၁၀၀)
ဖိုးနီးပါးတန်ဖိုးရှိတဲ့ စိန်နဲ့မြ တစ်ဆင်စာနဲ့ (၂၆၈) သိန်း တန်ဖိုးရှိ GIA Certificate စိန်နားကပ် တစ်ရံ၊ (၈၈) သိန်းတန်ဖိုးရှိတဲ့
GIA Certificate စိန်လက်စွပ်တစ်ကွင်း ဝယ်ယူပြီး သူမကိုယ်သူမ ဆုချခဲ့တာပဲ ဖြစ်ပါတယ်။
Post a Comment