ပြီးခဲ့တဲ့ ညက ကျင်းပခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်မှာ အယ်လ်နာဆာအသင်းက အယ်လ်ဝါဒါအသင်းကို အဝေးကွင်းမှာ လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပြီး အမှတ်ပေးဇယားထိပ်ကို တက်ရောက်နိုင်ခဲ့သလို အသင်းအတွက် လေးဂိုးစလုံးကိုတော့ အသင်းခေါင်းဆောင်သစ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုက တစ်ကိုယ်တော် ဒိုင်ခံသွင်းယူပေးသွားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၂၁ မိနစ်မှာ အသင်းဖော် အက်ဘ်ဒူလ်ရာမန် ဂါရီးဘ်ရဲ့ ဘယ်ခြမ်းကနေ ပေးပို့ခဲ့တဲ့ ဘောလုံးကို ရော်နယ်လ်ဒိုက အယ်လ်ဝါဒါခံစစ်ကြားက ပြေးထွက်ပြီး ဧရိယာထဲမှာ ဘယ်ခြေနဲ့ အနီးကပ် ကန်သွင်းသွားခဲ့သလို ဒီဂိုးကတော့ သူ့အတွက် ကစားသမားဘဝမှာ ကလပ်အသင်းသွင်းဂိုး ၅၀၀ ပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။
ပွဲချိန် မိနစ် ၄၀ မှာတော့ ကွင်းလယ်လူ ဆာမီ အယ်လ်နာဂျီရဲ့ ဖန်တီးမှုကနေ ရော်နယ်လ်ဒိုကပဲ ညာခြမ်းက ဆွဲပြေးပြီး ဧရိယာထဲအရောက်မှာ တစ်ဖက်နောက်ခံလူကိုပါ ကျော်ဖြတ်ပြီး ထောင့်ကျဉ်းအနေအထားကနေ ကန်သွင်းခဲ့ရာမှာ အယ်လ်ဝါဒါဂိုးသမား အက်ဘ်ဒူလ်ကူဒူးစ် အတီယာရဲ့ ပေါင်ကြားထဲက ဝင်သွားခဲ့လို့ ပထမပိုင်းမှာ အယ်လ်နာဆာတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။
အဓိက ဂိုးသွင်းရှင်တစ်ဦးဖြစ်တဲ့ ဘရာဇီးလ်ကွင်းလယ်လူ တာလစ္စကာ အနီကတ်ထိထားပြီး ပွဲပယ်ခံရချိန်မှာ ရော်နယ်လ်ဒိုအတွက်တော့ ကစားရတာက ပိုလွတ်လပ်သလိုတောင်ဖြစ်နေခဲ့ပြီး အသက် ၃၈ နှစ်အရွယ် ပေါ်တူဂီသားကြီးအနေနဲ့ ဒီနေ့ပွဲမှာ ဝေဖန်မှုတွေကို ချေဖျက်သွားနိုင်ခဲ့သလို ဆော်ဒီကစားသမား အများစု ပါဝင်တဲ့ တစ်သင်းလုံးကို ထမ်းတင်သွားခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း ပွဲချိန် ၅၃ မိနစ်မှာတော့ ပင်နယ်တီကနေ တစ်ဆင့် ဂိုးသမား အတီယာရဲ့ ညာဘက်တိုင်ခြေကို အပြင်းကန်သွင်းနိုင်ခဲ့လို့ ရော်နယ်လ်ဒိုတစ်ယောက် ဟက်ထရစ်ရရှိခဲ့ပြီး ကစားသမားဘဝရဲ့ ၆၁ ကြိမ်မြောက် ဟက်ထရစ်ကို ပိုင်ဆိုင်နိုင်ခဲ့သလို အသက် ၃၀ မတိုင်ခင်မှ ဟက်ထရစ် ၃၀ နဲ့ ၃၀ ပြည့်အပြီးမှာ ဟက်ထရစ် ၃၁ ကြိမ်ကို မှတ်တမ်းရေးထိုးနိုင်ခဲ့တာပါ။
အယ်လ်နာဆာအသင်းအတွက် ပွဲသိမ်းဂိုးကိုတော့ ပွဲချိန် ၆၁ မိနစ်မှာ အယ်လ်ဂါရီးဘ်ရဲ့ ပေးပို့မှုကနေ တစ်ဖက်အသင်း လူကျွံထောင်ချောက်ကို လုပ်ချင်သလိုလုပ်နေခဲ့တဲ့ တစ်ပွဲလုံး ဖမ်းမရခဲ့တဲ့ ရော်နယ်လ်ဒိုကပဲ ပါးပါးနပ်နပ် ကျော်ဖြတ်သွားခဲ့ပြီး ဧရိယာညာခြမ်းအစပ်ကနေ ကန်သွင်းရာမှာ ဂိုးသမား အတီယာ ပုတ်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်တစ်ကြိမ် ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ရော်နယ်လ်ဒိုအနေနဲ့ ခေါင်းတိုက်သွင်းဂိုး မပါဝင်နိုင်ခဲ့တဲ့အတွက်တော့ Perfect ဟက်ထရစ် မရခဲ့ပေမယ့် သူ့ရဲ့ စံချိန်မှတ်တမ်းက ကောင်းမွန်လွန်းသွားခဲ့ပြီး အယ်လ်နာဆာတို့အတွက် ဆော်ဒီလိဂ်မှာ ၃ ပွဲကစား ၅ ဂိုးသွင်းယူပေးခဲ့သလို အသင်းကို ဇယားထိပ်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့တာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ၿပီးခဲ့တဲ့ ညက က်င္းပခဲ့တဲ့ ေဆာ္ဒီပ႐ိုလိဂ္ ပြဲစဥ္မွာ အယ္လ္နာဆာအသင္းက အယ္လ္ဝါဒါအသင္းကို အေဝးကြင္းမွာ ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး အမွတ္ေပးဇယားထိပ္ကို တက္ေရာက္ႏိုင္ခဲ့သလို အသင္းအတြက္ ေလးဂိုးစလုံးကိုေတာ့ အသင္းေခါင္းေဆာင္သစ္ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက တစ္ကိုယ္ေတာ္ ဒိုင္ခံသြင္းယူေပးသြားႏိုင္ခဲ့ပါတယ္။
ပြဲခ်ိန္ ၂၁ မိနစ္မွာ အသင္းေဖာ္ အက္ဘ္ဒူလ္ရာမန္ ဂါရီးဘ္ရဲ႕ ဘယ္ျခမ္းကေန ေပးပို႔ခဲ့တဲ့ ေဘာလုံးကို ေရာ္နယ္လ္ဒိုက အယ္လ္ဝါဒါခံစစ္ၾကားက ေျပးထြက္ၿပီး ဧရိယာထဲမွာ ဘယ္ေျခနဲ႔ အနီးကပ္ ကန္သြင္းသြားခဲ့သလို ဒီဂိုးကေတာ့ သူ႔အတြက္ ကစားသမားဘဝမွာ ကလပ္အသင္းသြင္းဂိုး ၅၀၀ ျပည့္ေျမာက္ခဲ့တာလည္းျဖစ္ပါတယ္။
ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ ကြင္းလယ္လူ ဆာမီ အယ္လ္နာဂ်ီရဲ႕ ဖန္တီးမႈကေန ေရာ္နယ္လ္ဒိုကပဲ ညာျခမ္းက ဆြဲေျပးၿပီး ဧရိယာထဲအေရာက္မွာ တစ္ဖက္ေနာက္ခံလူကိုပါ ေက်ာ္ျဖတ္ၿပီး ေထာင့္က်ဥ္းအေနအထားကေန ကန္သြင္းခဲ့ရာမွာ အယ္လ္ဝါဒါဂိုးသမား အက္ဘ္ဒူလ္ကူဒူးစ္ အတီယာရဲ႕ ေပါင္ၾကားထဲက ဝင္သြားခဲ့လို႔ ပထမပိုင္းမွာ အယ္လ္နာဆာတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။
Post a Comment