မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်ရုပ်ရှင်အကြောင်း အမှတ်တရ စကားဝိုင်းကိုပရိသတ် တွေနဲ့အတူဖန် တီးမယ့် ဒေါင်းနဲ့ပိုင်ဖြိုးသု

မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်ရုပ်ရှင်အကြောင်း အမှတ်တရစကားဝိုင်းကိုပရိသတ်တွေနဲ့အတူဖန်တီးမယ့် ဒေါင်းနဲ့ပိုင်ဖြိုးသု

ပြည်သူချစ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့ကတော့ စိတ်တူကိုယ်တူရှိပြီး ခံယူချက်ချင်း

လည်းတူတဲ့ အနုပညာသူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်။ ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့ဟာ “မိန်းမတစ်ယောက်ရဲ့

ဖွင့်ဟဝန်ခံချက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲအပြင် အခု “နိုင်ငံပျောက်သူ”

ဆိုတဲ့ တော်လှန်ရေဇာတ်လမ်းတိုတစ်ခုကို အတူတူသရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဒေါင်းနဲ့ ပိုင်ဖြိုးသုက ပရိသတ်တွေနဲ့အတူတူ ရုပ်ရှင်စကားဝိုင်းတစ်ခုကို ပြုလုပ်မယ်ဆိုပြီး

အသိပေးလာပါတယ်။ဒေါင်းက “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” အမှတ်တရ စကားဝိုင်း.. အားလုံ

းမင်္ဂလာပါခင်ဗျာ။ ကျွန်တော်နဲ့ သုသု ရဲ့ ပရိသတ်များအတွက် အစီအစဉ်လေးတစ်ခု စတင်ဖို့ရည်ရွယ်ထားပါတယ်။

အဲ့အစီအစဉ်လေးကတော့ ကျွန်တော်နဲ့သုသု သရုပ်ဆောင်ထားတဲ့ “မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်”

ဇာတ်ကားနဲ့ပတ်သတ်ပြီးအမှတ်ရစရာလေးတွေ၊ ကျွန်တော်တို့နှစ်ယောက်ကြိုတင်ပြင်ဆင်ခဲ့ပုံလေးတွေ

ပြောပြပြီး ပရိသတ်များရဲ့ ဇာတ်ကောင်အပေါ်ခံစားချက်တွေနဲ့ အမြင်တွေကိုရင်းရင်းနှီးနှီးစကားလက်ဆုံ

ပြောကြမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။

ကျွန်တော်နဲ့ သုသုကိုချစ်ခင်ကြတဲ့ ပရိသတ်များနဲ့ Zoom ကနေတဆင့်တွေ့ဆုံချင်ပါတယ်ခင်ဗျ။ လိုအပ်နေ

တဲ့နေရာတွေကိုကူညီထောက်ပံ့ချင်တဲ့ရည်ရွယ်ချက်ကြောင့် Zoom register အတွက် Ticket fees လေးတော့

သတ်မှတ်ထားပါတယ်ခင်ဗျ။အသေးစိတ်ကို chat box မှာမေးမြန်းနိုင်ပါတယ်။ Ticket fees ရငွေ အားလုံးဟာ

လိုအပ်နေတဲ့နေရာတွေဆီစီးဆင်းမှာဖြစ်ပါတယ်ခင်ဗျာ။”ဆိုပြီ အမှတ်တရပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးနဲ့ ဒေါင်းတို့ သရုပ်ဆောင်ခဲ့တဲ့ “မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်” ရုပ်ရှင်ဇာတ်ကားကြီးကတော့

ရုံတင်ပြသခဲ့တာ သုံးနှစ်ကျော် လေးနှစ်နီးပါးရှိနေပြီဆိုပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲကို ယနေ့ထိတိုင်

ရောက်ရှိနေဆဲ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

မိန္းမတစ္ေယာက္ရဲ႕ဖြင့္ဟဝန္ခံခ်က္႐ုပ္ရွင္အေၾကာင္း အမွတ္တရစကားဝိုင္းကိုပရိသတ္ေတြနဲ႔အတူဖန္တီးမယ့္

ေဒါင္းနဲ႔ပိုင္ၿဖိဳးသု

ျပည္သူခ်စ္သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ ေဒါင္းနဲ႔ ပိုင္ၿဖိဳးသုတို႔ကေတာ့ စိတ္တူကိုယ္တူရွိၿပီး ခံယူခ်က္ခ်င္းလည္း

တူတဲ့ အႏုပညာသူငယ္ခ်င္းေတြပဲ ျဖစ္ၾကပါတယ္။ ေဒါင္းနဲ႔ ပိုင္ၿဖိဳးသုတို႔ဟာ “မိန္းမတစ္ေယာက္ရဲ

႕ဖြင့္ဟဝန္ခံခ်က္” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ “အခ်စ္ျဖင့္လြမ္းေစ” ဇာတ္လမ္းတြဲအျပင္ အခု “ႏိုင္ငံေပ်ာက္သူ”

ဆိုတဲ့ ေတာ္လွန္ေရဇာတ္လမ္းတိုတစ္ခုကို အတူတူသ႐ုပ္ေဆာင္ထားၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာလည္း ေဒါင္းနဲ႔ ပိုင္ၿဖိဳးသုက ပရိသတ္ေတြနဲ႔အတူတူ ႐ုပ္ရွင္စကားဝိုင္းတစ္ခုကို ျပဳလုပ္မယ္ဆိုၿပီး

အသိေပးလာပါတယ္။ေဒါင္းက “မိန္းမတစ္ေယာက္ရဲ႕ ဖြင့္ဟဝန္ခံခ်က္” အမွတ္တရ စကားဝိုင္း.. အားလုံးမဂၤ

လာပါခင္ဗ်ာ။ ကြၽန္ေတာ္နဲ႔ သုသု ရဲ႕ ပရိသတ္မ်ားအတြက္ အစီအစဥ္ေလးတစ္ခု စတင္ဖို႔ရည္႐ြယ္ထားပါတယ္။

အဲ့အစီအစဥ္ေလးကေတာ့ ကြၽန္ေတာ္နဲ႔သုသု သ႐ုပ္ေဆာင္ထားတဲ့ “မိန္းမတေယာက္ရဲ႕ ဖြင့္ဟဝန္ခံခ်က္”

ဇာတ္ကားနဲ႔ပတ္သတ္ၿပီးအမွတ္ရစရာေလးေတြ၊ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ႀကိဳတင္ျပင္ဆင္ခဲ့ပုံေလးေတြေျ

ပာျပၿပီး ပရိသတ္မ်ားရဲ႕ ဇာတ္ေကာင္အေပၚခံစားခ်က္ေတြနဲ႔ အျမင္ေတြကိုရင္းရင္းႏွီးႏွီးစကား

လက္ဆုံေျပာၾကမယ့္ အစီအစဥ္ပဲျဖစ္ပါတယ္။

ကြၽန္ေတာ္နဲ႔ သုသုကိုခ်စ္ခင္ၾကတဲ့ ပရိသတ္မ်ားနဲ႔ Zoom ကေနတဆင့္ေတြ႕ဆုံခ်င္ပါတယ္ခင္ဗ်။ လိုအပ္ေ

နတဲ့ေနရာေတြကိုကူညီေထာက္ပံ့ခ်င္တဲ့ရည္႐ြယ္ခ်က္ေၾကာင့္ Zoom register အတြက္ Ticket fees ေ

လးေတာ့သတ္မွတ္ထားပါတယ္ခင္ဗ်။အေသးစိတ္ကို chat box မွာေမးျမန္းႏိုင္ပါတယ္။ Ticket fees ရေငြ အားလုံ

းဟာလိုအပ္ေနတဲ့ေနရာေတြဆီစီးဆင္းမွာျဖစ္ပါတယ္ခင္ဗ်ာ။”ဆိုၿပီ အမွတ္တရေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။

ပိုင္ၿဖိဳးနဲ႔ ေဒါင္းတို႔ သ႐ုပ္ေဆာင္ခဲ့တဲ့ “မိန္းမတစ္ေယာက္ရဲ႕ဖြင့္ဟဝန္ခံခ်က္” ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့

႐ုံတင္ျပသခဲ့တာ သုံးႏွစ္ေက်ာ္ ေလးႏွစ္နီးပါးရွိေနၿပီဆိုေပမယ့္ ပရိသတ္ေတြရဲ႕ ရင္ထဲကို ယေန

႔ထိတိုင္ ေရာက္ရွိေနဆဲ ဇာတ္ကားတစ္ကားပဲ ျဖစ္ပါတယ္။


Your new digest 50

Post a Comment

Previous Post Next Post